Fish and Fishery Products Processing and Food Safety Management System Training

သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက် –
(၁) ရေထွက်ကုန်ပစ္စည်းများအား စားသုံးသူများအတွက် ဘေးအန္တရာယ်ကင်းသော အစားအစာထုတ်လုပ်နိုင်ရေးအတွက် Food Safety Management System လုပ်ငန်းစဥ်များနှင့် လုပ်ထုံးလုပ်နည်းများကို သိရှိယုံမဟုတ်ဘဲ စနစ်တကျနားလည်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းစျေးကွက်နှင့် ပြည်ပစျေးကွက်သို့ ဝင်ရောက်နိုင်စွမ်းကို တိုးမြှင့်လာစေရန်။
(၂) GMP(Good Manufacturing Practice), HACCP (Hazard Analysis and Critical Control Point), ISO စသော စံနှုန်းများအကြောင်း သိရှိနားလည်စေရန်။
(၃) အအေးခန်းစက်ရုံများတွင် စနစ်တကျ Processing နည်းစနစ်များ အသုံးပြုနိုင်စေရန်နှင့် လုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုနှင့် တာဝန်ယူမှုစွမ်းရည်ကို မြှင့်တင်နိုင်စေရန်။

သင်တန်းဖွင့်လှစ်ပြီးနောက်မျှော်မှန်းရလာဒ် –
– အအေးခန်းစက်ရုံများ၊ အလုပ်ရုံများတွင် Food Safety System စနစ်တကျ ဆောင်ရွက်တတ်လာစေရန်။
– အလုပ်သမားများ၏ လုံခြုံမှုနှင့် အရည်အသွေးအပေါ် တာဝန်ယူမှု တိုးတက်လာစေရန်။
– နိုင်ငံခြားစျေးကွက်သို့ ပို့ကုန်အနေနှင့် ဝင်ရောက်နိုင်သောစွမ်းရည်များ တိုးတက်လာစေရန်။
– လုပ်ငန်းများတွင် HACCP Plan/ GMP Policy များ ရေးဆွဲနိုင်စေရန်။


0 Comments

Submit a Comment

Your email address will not be published. Required fields are marked *